ကိုယ်ဘာမသိတာလဲဆိုတာ မသိခြင်း

ကိုယ်ဘာမသိတာလဲဆိုတာ မသိခြင်း

ကိုယ်ဘာမသိတာလဲဆိုတာ မသိခြင်း

Nov 24, 2025

ကိုယ့်ကိုယ်ကို အကုန်သိအကုန်တတ်တယ်လို့ထင်ခဲ့တဲ့ အချိန်တစ်ခုရှိခဲ့ဖူးတယ်။ UIUX အပိုင်းကို လေ့လာတာတွေသေချာလုပ်ပြီး သင်တန်းတွေတက်ပြီး passionate လဲဖြစ်တော့ ဆရာကျကျလုပ်မယ်ဆိုတဲ့ confidence အပြည့်နဲ့ပေါ့လေ။

အဲ့အချိန်က design ဆွဲတိုင်းမှာ ကိုယ်လုပ်ခဲ့တဲ့ UI element တွေ၊ နေရာချထားတဲ့ pixel တစ်ခုချင်းတစ်ခုချင်းတွေ၊ ရွေးသုံးထားတဲ့ အရောင်တွေ၊ interaction flow တွေ ဒါတွေ အကုန်လုံးက ကိုယ့်မျက်လုံးထဲတော့ အရမ်းပြီးပြည့်စုံနေခဲ့တာပဲလေ။ တကယ်လဲ အဲ့လိုပဲဖြစ်ရမှာပေါ့ ဒီ design ထွက်လာဖို့ ကိုယ်ဘယ်လောက်အချိန်တွေပေး ဘယ်လောက်စဉ်းစားထားရတာမို့လို့လဲ။

ဒါမှမဟုတ် “အဲ့လိုတွေးခဲ့တာ”လို့ပဲ ပြောရမလား…

~~~~~~~

နောက်ပိုင်းမှာတော့ design review/ design critique session တွေရောက်လာခဲ့တယ်။ (ဒီမှာတော့ critique ကိုပီပီပြင်ပြင်ကြီးလုပ်တာတောင်မဟုတ်ပါဘူး) အဲ့ session တွေကို အရမ်းပဲမုန်းလိုက်တာ! အဲ့ဒီအချိန်ရောက်တိုင်း အရမ်းစိတ်လှုပ်ရှားပြီးတော့ ခုခံဖို့ နည်းလမ်းတွေအပြည့်ရှာပြီး session join ခဲ့တာပေါ့။ အဲ့ session တွေထဲဝင်သွားတိုင်းမှာ ကိုယ်ဆွဲထားတဲ့ design တစ်ခုချင်းအတွက် အကြောင်းပြချက်တွေအပြည့်အစုံရှာပြီး ဘာကြောင့်ဒီ design ဖြစ်သင့်ကြောင်းပေါင်းများစွာကို prepare လုပ်ထားတယ်။ ဘယ်ရမလဲ။

session ကို ရည်ရွယ်ချက်ကောင်းတွေနဲ့ feedback ပေးဖို့အသင့်ဖြစ်နေတဲ့ team member တွေက join ပေးခဲ့ကြတယ်။ ဒါပေမယ့် ခေါင်းထဲမှာရှိတာက ငါ့ရဲ့ ဒီ “ပြီးပြည့်စုံတဲ့ design လေးတွေကို ပြီးပြည့်စုံမှန်းလူတွေသိအောင်ဘယ်လိုရှင်းပြရမလဲ” ဆိုတာပဲ အဲ့အတွေးတွေပဲတွေးနေမိခဲ့တာ။

နားထောင်ရမှာလား? နိုးပါ.. ရှင်းပြစရာတွေမှအများကြီးရှိနေတာ နားထောင်နေဖို့ဘယ်အချိန်ရှိမှာတုန်း။ အဲ့တုန်းက ယုံကြည်ထားတာက ငါ့ရဲ့ idea တွေကို ကောင်းကောင်းရှင်းပြနိုင်မယ်ဆိုရင် လူတွေက ငါ့ဘယ်လို ခေါင်းစားခံပြီး အမြော်အမြင်ရှိရှိလုပ်ထားလဲဆိုတာ လက်ခံနိုင်သွားကြမယ်ပေ့ါ? နားလည်အောင်ရှင်းပြဖို့ပဲလိုတာလေ ဟုတ်တယ်မလား?

မဟုတ်ဖူးနော် မှားတယ်…

မှတ်မှတ်ရရ design critique တစ်ခုမှာ ကိုယ် proud ဖြစ်ရတဲ့ interface လှလှလေးတစ်ခုကို ရှင်းပြပြီးတော့ မကြိုက်ဖူးပြောလာခဲ့ရင် လက်ခံအောင်နားလည်အောင်ပြောပြမယ်ပေ့ါ ready ပြင်ထားတယ်။ ရှင်းပြပြီးတဲ့နောက်မှာ တကယ်လဲ feedback တွေစပြီးရလာခဲ့တယ်။ အဲ့အချိန်မှာ ကိုယ့်ကိုကိုယ်တောင်သတိမထားမိပဲ နားထောင်တာထက် သူတို့ပြောတာကို ဖြတ်ပြီးတော့ ရှင်းပြတာတွေပဲလုပ်နေမိခဲ့တယ်။ အဲ့လိုနဲ့ အကုန်လုံးလဲငြိမ်သွားပြီးတော့ နောက်ဆုံးတော့ စီနီယာ designer တယောက်က ကိုယ့်ကိုကြည့်ပြီးတော့ အေးအေးဆေးဆေးပဲ ပြောခဲ့တယ်။

“သဇင်ရေ ဒါ ညီမ design ကို တိုက်ခိုက်နေကြတာမဟုတ်ဖူး။ ပိုကောင်းအောင် အကြံပေးဖို့ရောက်နေကြတာနော်”

ခေါင်းထဲကို အတွေးတွေတော်တော်ရောက်သွားခဲ့တယ် ကိုယ်စဉ်းစားပြီးလုပ်ထားတာဖြစ်ပါကြောင်း ဘယ်လောက် effort တွေစိုက်ထုတ်ထားပါကြောင်း ကိုယ့်တန်ဖိုးကိုယ် သက်သေပြဖို့ လောဘကြီးကြီး ကြိုးစားမိနေရင်းနဲ့ ဒီ session တွေနဲ့ UIUX design တွေရဲ့ ရည်ရွယ်ချက်ကိုမေ့သွားခဲ့တယ်။ ဒါတွေလုပ်နေရတာက ကိုယ့်အတွက်မဟုတ်ဘူး user တွေအတွက်၊ product ကောင်းဖို့အတွက်၊ experience ကောင်းတစ်ခုဖန်တီးဖို့အတွက်ပဲ။

ကိုယ်ဘာမသိလဲဆိုတာကို မသိခဲ့ဘူး.. ဒါပေမယ့် မသိတာက ပြသနာမဟုတ်ပါဘူး။ ပြသနာက ခေါင်းမာတတ်တဲ့အကျင့်လေးနဲ့ စကားကို သေချာနားထောင်ဖို့ မလုပ်နိုင်ခဲ့တာပါပဲ။ Socrates ပြောခဲ့သလို “The only true wisdom is in knowing you know nothing.” တဲ့။

Embracing Feedback

အဲ့နေ့ကစပြီးတော့ များများနားထောင်ပြီး နည်းနည်းပဲပြန်ရှင်းပြမိအောင် ကြိုးစားခဲ့တယ် Feedback ပေးတဲ့လူရဲ့ ရည်ရွယ်ချက်ကိုမြင်အောင်ကြည့်ပြီးတော့ ဒါဟာ personal attack လုပ်နေတာမျိုးမဟုတ်ဖူး ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေဆိုတာ နားလည်လာခဲ့တယ်။ UIUX design မှာ ပူးပေါင်းလုပ်ဆောင်တာကလဲ creativity skill လောက်ကို အရေးကြီးပါလားဆိုတာလည်း သိလာခဲ့တယ်။

ဒီချိန်မှာနောက်ပြန်ကြည့်ရင် ကိုယ်ငယ်ငယ်ကကိုယ့်ကိုကိုယ် ရယ်လဲရယ်ချင်မိတယ်။ perfection ဖြစ်ဖို့ပဲစဉ်းစားတယ် ခေါင်းမာတယ် ဒါပေမယ့်လဲ လေ့လာဖို့ တိုးတက်ချင်တာကလဲအလွန်။ ဒီအမှတ်တရတွေက ပြန်တွေးကြည့်ရင် ကိုယ့်ကို ပိုကောင်းတဲ့ လူတစ်ယောက် ပိုကောင်းတဲ့ designer တစ်ယောက်ဖြစ်လာဖို့ အထောက်အကူဖြစ်စေခဲ့တဲ့ ကျေးဇူးတင်စရာအဖြစ်အပျက်တွေပါပဲ။

English Version : https://medium.com/@thazinwinn21/breaking-my-design-bubble-embracing-feedback-and-growth-906083fd524d

Other Articles

Check our other project and information Blogs useful for your business

Other Articles

Check our other project and information Blogs useful for your business

Other Articles

Check our other project and information Blogs useful for your business

All Blogs

the UI studio

Specializing in UI/UX for web and mobile, we bring creativity, strategy, and expertise to every project. Let’s build something impactful together.

Email: theuistudiomm@gmail.com

Phone: +95 09965110192

© 2024 the UI studio. All rights served.

Create a free website with Framer, the website builder loved by startups, designers and agencies.